SNU- PGDTED B1 ကျောင်းသားကျောင်းသူများ၏ သုံးသပ်ချက်နှင့် အကြံပြုချက်များ

SNU- PGDTED B1 နှင့်ပတ်သက်သော သင်ကြားသင်ယူရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တက်ရောက်နေသော ကျောင်းသားကျောင်းသူများ၏ သုံးသပ်ချက်နှင့် အကြံပြုချက်များ

Spring Normal University (SNU) နွေဦးဆရာအတတ်ပညာတက္ကသိုလ် တွင် ပညာသင်နှစ် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှစ၍ Post Graduate Diploma in Teacher Education (PGDTEd B1) သင်တန်း အပတ်စဉ် ၁ အဖြစ် ခေါ်ယူခဲ့ပြီး သင်တန်း ကာလ ၈ လ ကြာမြင့်ပါသည်။ ကျောင်းသားကျောင်းသူပေါင်း ၉၂ ယောက် တက်ရောက်လျက်ရှိပြီး စာသင်ချိန် စုစုပေါင်း ၂၁၆ ဖြင့် ပညာရေးဆိုင်ဘာသာရပ်များနှင့် စာပေသိပ္ပံဘာသာရပ်များကိုပါ ပူးတွဲပို့ချခဲ့ပါသည်။ ယခု စာစောင်သည် Spring Normal University နွေဦးဆရာအတတ်ပညာတက္ကသိုလ်၏ PGDTEd အပတ်စဉ် ၁ တွင် သင်ယူနေသော ကျောင်းသားကျောင်းသူများ၏ ဖြေဆိုချက်များကို အခြေပြုဖော်ပြထားခြင်းဖြစ်ပါသည်။

#SNU