Hello SNUers တို့ရေ
နှစ်သစ်မှာတော့ SNUက activity အသစ်တစ်ခု ယူဆောင်လာပါပြီ။ စာဖတ်ရတာ သဘောကျတဲ့ စာဂျပိုးလေးတွေအတွက် Book club run ပါတော့မယ်။
Book club မှာ ဘာတွေ လုပ်ကြမလဲ
ဆိုရင် အပတ်စဥ် စာအုပ်လေးတွေ ဖတ်မယ်။ ပြီးရင် တွေ့ဆုံကြပြီး စာအကြောင်းပေအကြောင်း ဟိုအကြောင်း ဒီအကြောင်း ဘာညာသာရကာ ပွားကြပါမယ်။ဆွေးနွေးကြပါမယ်။ ဖလှယ်ကြပါမယ်။
ဒါပေမဲ့ ပုံမှန် Book club တွေလို စာအုပ်ဖတ်လိုက် ဆွေးနွေးလိုက်တင် လုပ်မှာမဟုတ်ဘဲ စိတ်ဝင်စားစရာ Game တွေကိုပါ စီစဉ်ထားတာပါတယ်။
ဆိုတော့ စာအုပ်ဖတ်ရတာ နှစ်သက်သူတိုင်း Join လို့ရပါမယ်။ စာတော့ဖတ်ချင်တယ် စာအုပ်ကိုင်လိုက်ရင်ကို အိပ်ငိုက်သွားတာဆိုတဲ့ reading boycott လုပ်ထားတဲ့သူလေးတွေကိုလည်း join ဖို့ဖိတ်ခေါ်ပါတယ်။ ဘာလို့ဆို ဒီ Club လေးက စာဖတ်ဖြစ်လာစေမယ့် Motivation တစ်ခု ဖြစ်စေမှာမလို့ပါ။
Book club ခေါင်းစဉ်တပ်ထားပေမဲ့ စိတ်ဝင်စားမှုအပေါ် မူတည်ပြီး သုတ၊ရသ ဝတ္ထုတွေတင်မက movie adaptations တွေ၊ ကဗျာတွေအကြောင်းကိုလည်း ပြောကြလို့ရတာမို့ပါ။
အဲ့တော့ join ဖို့ နည်းနည်းစိတ်ဝင်စားသွားသူတွေက အောက်က အချက်အလက်လေးတွေကို ဆက် ဖတ် ပေးပါဦးနော်
ဘယ်လိုစာအုပ်အမျိုးအစားတွေဖတ်မှာလဲ
ဆိုရင် အများစု စိတ်ဝင်စားတဲ့ အမျိုးအစားကို ရွေးပါမယ်။ သုတ၊ရသ အားသန်ရာ ရွေးလို့ရပါမယ်။ မဂ္ဂဇင်း၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ စကားပြေ၊ ကဗျာ၊ ခေတ်စမ်း၊ ခေတ်သစ်၊ ဘာသာပြန် ရွေးလို့ရပါမယ်။[ရွေးဖို့ကိုတော့ Google form လေးဖြည့်ပေးဖို့ လိုပါမယ်နော်။]
ဘာစာအုပ်တွေဖတ်မှာလဲ
ဆိုရင် မြန်မာစာအုပ်တွေ အရင်ဖတ်ပါမယ်။ English Novel တွေကတော့ နောက် စာဖတ်ရှိန်ရလာမှ စိတ်ဝင်စားသူများရင် ဖတ်ဖို့ ညှိုနှိုင်းဆွေးနွေးကြပါမယ်။
ဘယ်သူတွေ အဖွဲ့ဝင်လို့ရလဲ
ဆိုရင် SNU ဘယ် batchက ကျောင်းသူ၊ကျောင်းသားမဆို စာဖတ်ရတာကြိုက်တဲ့သူ၊ ကိုယ့်အမြင် သူ့အမြင် ဖလှယ်ရတာ ကြိုက်တဲ့သူ၊ စာတွေဖတ်ပြီး စကားတွေအများကြီးပြောချင်သူတွေ အကုန် လာလို့ရပါတယ်။
[စာပဲဖတ်ချင်တယ်၊ စကားတွေမပြောချင်ဘူး၊ သူများအမြင်တွေလည်းသိချင်တယ် ဆိုတဲ့ silent reader လေးများလည်း လာလို့ရပါတယ်။ ]
ဘယ်လောက်ကြာမှာလဲ
ဆိုရင် နှစ်လပါ။ တစ်ပတ်မှာ တစ်ရက်နဲ့ နှစ်လ၊ ကိုးပတ်တိတိ run မယ့် အစီအစဉ်လေးပဲဖြစ်ပါတယ်။
သင်္ကြန်အားလပ်ရက်အပြီး မြန်မာ့ နှစ်သစ် စတာနဲ့အတူ အလေ့အကျင့်အသစ်တစ်ခု စချင်တဲ့သူလေးများကို join ဖို့ ဖိတ်ခေါ်ပါတယ်ရှင်။
Book Club ကို Join ချင်တယ်ဆိုရင်တော့ ပေးထားတဲ့ Tele group လေးကို အရင် Join လိုက်ပါဗျို့။
https://t.me/+UGH9X_w9Z885NTA1
စိတ်ချမ်းသာ ကိုယ်ကျန်းမာ ဘေးဘရာဝေးကွာ ကြပါစေကြောင်း စာသံပေသံလေးနဲ့ ဆုတောင်းပေးလိုက်ကြောင်းပါ
