နွေဦးတက္ကသိုလ် x Spring Normal University တို့၏ တထပ်တည်းကျခဲ့သော ခြေလှမ်းများ
နွေဦးတက္ကသိုလ်နှင့် Spring Normal University တို့ဟာ ပြီးခဲ့တဲ့ ကာလများအတွင်း တထပ်တည်းကျခဲ့တဲ့ ခြေလှမ်းများနဲ့ တူညီသော ပန်းတိုင်အတွက် တခရီးတည်း အတူတကွ လျှောက်လှမ်းခဲ့ကြပါတယ်။
ဒီခရီးစဉ်တွေမှာဆိုရင်တော့ ပညာရေးကဏ္ဍ၊သုတေသန၊ စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာ ကြံ့ကြံ့ခံနိုင်မှုရှိစေရေး နဲ့ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်တဲ့ Public Lectures Series တွေကို အပတ်စဉ် အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပါတယ်။
တပတ်နဲ့ တပတ် မတူညီတဲ့ ခေါင်းစဉ်များဖြင့်
Problem Based Learning၊ Self-directed learning နှင့် သက်ဆိုင်သည့် Seminars များ
A Brighter Tomorrowခေါ် Public Lecture Series အတွင်းပါဝင်ခဲ့သည့် Mental Health ဆိုင်ရာ Seminar များ
Child Psychology နှင့် သက်ဆိုင်သော Seminar အပါအဝင် စုစုပေါင်း seminar (၂၀) ကျော်ကို ၅လ တိုင်တိုင် ပြုလုပ် ဝေမျှခဲ့ပြီးဖြစ်ပါတယ်။
ဒါ့ကြောင့် ဒီနေ့မှာတော့ အဆိုပါ ပညာရေးခရီးစဉ်တစ်လျှောက် ပါဝင်ခဲ့တဲ့ ကျောင်းသား၊လူငယ်၊ မိဘပြည်သူ တစ်ဦးချင်းစီကို ကျေးဇူးတင်ကြောင်းပြောကြားလိုပြီး နောင်လာမည့် ပိုမိုကောင်းမွန်သော ပညာရေးအစီအစဉ်သစ်တွေကိုလည်း စောင့်မျှော်ပေးကြဖို့ အသိပေးအပ်ပါတယ်။