MES Account တစ်ခုထက်ပို၍ လျှောက်ထားခြင်းမပြုကြရန်

မြန်မာပညာရေးစနစ် (MES) တွင်တက္ကသိုလ်၀င်ခွင့် လျှောက်ထားသူ ကျောင်းသားကျောင်းသူများသည်

တစ်ဦးလျှင် MES Account တစ်ခုထက်ပို၍ လျှောက်ထားခြင်းမပြုကြရန် အသိပေးအကြောင်းကြားခြင်း။

…………………………………………

မြန်မာပညာရေးစနစ် (MES) မှ တဆင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရာတွင် ကျောင်းသားတစ်ဦးလျှင် MES Account တစ်ခုဖြင့် အထူးပြုဘာသာရပ်/ တက္ကသိုလ် အနည်းဆုံး ၃ ခု မှ အများဆုံး ၁၀ ခု အထိ ဖြည့်သွင်း လျှောက်ထားနိုင်ပါသည်။

သို့ရာတွင် ကျောင်းသားတစ်ဦးတည်းမှ MES Account တစ်ခု ထက်မက အသုံးပြုကာ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားခြင်းကို ကျွန်ုပ်တို့ တက္ကသိုလ်ဝင်ခွင့်ဖြစ်မြောက်ရေးအဖွဲ့ အနေဖြင့် လက်ခံ ခွင့်ပြုမည် မဟုတ်ပါကြောင်း အသိပေးအပ်ပါသည်။

ဥပမာ –

(၁) ကျောင်းသား မောင်ကကြီးသည် တူညီသော ကိုယ်ရေးအချက်အလက်များ၊ ပညာရေးအထောက်အထားများ ဖြင့် MES Account နှစ်ခု (သို့မဟုတ်) နှစ်ခုထက်ပိုသော MES Account များ အသုံးပြုကာ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားခြင်း၊

(၂) ကျောင်းသား မောင်ကကြီးသည် MES Account နှစ်ခု အသုံးပြုပြီး MES Account ID A1 တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသည့် ပညာရေးအထောက်အထားဖြင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားကာ အဆိုပါ ကျောင်းသား မောင်ကကြီးသည် MES Account ID B1 ၌ GED/IGCSE ပညာရေးအထောက်အထားဖြင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားခြင်း

(၃) ဥပမာ (၁) နှင့် ဥပမာ (၂) တို့နှင့် အလားတူသော ပုံစံများ

ထို့ကဲ့သို့ လျှောက်ထားခြင်းများကို စိစစ်တွေ့ရှိရပါက အဆိုပါကျောင်းသားကျောင်းသူ၏ အစောဆုံး တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာအမှတ်စဉ် ရှိသည့် MES Account ၏ ကိုယ်ရေးအချက်အလက်၊ ပညာရေးအထောက်အထား၊ လျှောက်ထားသည့် အထူးပြုဘာသာရပ်/ တက္ကသိုလ်များ – ဝင်ခွင့်လျှောက်ထားမှုကိုသာ အတည်ဖြစ်သည်ဟု သတ်မှတ်ပြီး ကျန်သော MES Account များမှ အချက်အလက်များကို တက္ကသိုလ်ဝင်ခွင့် စိစစ်လက်ခံရေးတွင် ထည့်သွင်းစဉ်းစားမည် မဟုတ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

တက္ကသိုလ်၀င်ခွင့်လမ်းညွှန် ဖြစ်မြောက်ရေးအဖွဲ့

ဇူလိုင်လ ၁ ရက် ၂၀၂၄

#SNU

#newintake

#batch2

No photo description available.