Category News

All In One Batch 4

ပညာရေးတက္ကသိုလ် (၃)ခု ပူးပေါင်းဖွင့်လှစ်ထားသော Spring Normal University (SNU) တွင် ပညာရေးတက္ကသိုလ်များမှ CDM ကျောင်းသား/သူများကို ပြန်လည်သင်ကြားပေးနေသည်မှာ Batch 4 အထိရောက်ခဲ့ပါပြီ။ထိုအတန်းများတွင် zoom classများနှင့် LMS ကိုအသုံးပြု၍ သတ်မှတ်ထားသောလုပ်ငန်းများကို ပြီးမြောက်အောင်မြင်အောင်လုပ်ဆောင်ပါက NUG,MoE အသိအမှတ်ပြု Completion Certificate ကိုပေးအပ်သွားမှာဖြစ်ပါတယ်။အခုမှသိလိုက်သည့် ​ကျောင်းသား/သူများ, batch 3 ကို enroll လုပ်ခဲ့ပြီး အဆုံးထိ မရောက်ခဲ့တဲ့သူတွေလည်း ထပ်ဖြည့်ပေးရမှာပါ။ All in One batch 4…

တထပ်တည်းကျတဲ့ခြေလှမ်းများ

နွေဦးတက္ကသိုလ် x Spring Normal University တို့၏ တထပ်တည်းကျခဲ့သော ခြေလှမ်းများနွေဦးတက္ကသိုလ်နှင့် Spring Normal University တို့ဟာ ပြီးခဲ့တဲ့ ကာလများအတွင်း တထပ်တည်းကျခဲ့တဲ့ ခြေလှမ်းများနဲ့ တူညီသော ပန်းတိုင်အတွက် တခရီးတည်း အတူတကွ လျှောက်လှမ်းခဲ့ကြပါတယ်။ဒီခရီးစဉ်တွေမှာဆိုရင်တော့ ပညာရေးကဏ္ဍ၊သုတေသန၊ စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာ ကြံ့ကြံ့ခံနိုင်မှုရှိစေရေး နဲ့ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်တဲ့ Public Lectures Series တွေကို အပတ်စဉ် အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပါတယ်။တပတ်နဲ့ တပတ် မတူညီတဲ့ ခေါင်းစဉ်များဖြင့် Problem Based Learning၊…

ကလေးငယ်များအတွက်အလုပ်ရုံဆွေးနွေးပွဲ

ငယ်ရွယ်ဖွံ့ဖြိုးစ ကလေးငယ်များရဲ့ သဘာဝ၊ စရိုက်များကို ကောင်းမွန်စွာ ထိန်းကျောင်းတတ်စေဖို့ အလုပ်ရုံဆွေးနွေးပွဲတစ်ခု စတင်မိတ်ဆက်လိုက်ပါပြီ။ အားလုံးပဲ မင်္ဂလာပါ။ ကလေးငယ်တစ်ဦးရဲ့ ငယ်ရွယ်စဉ်ဖွံ့ဖြိုးဆဲကာလမှာ မတူညီတဲ့ သဘာဝ၊ ပင်ကိုယ်စရိုက်နဲ့ အမူအကျင့်များဟာ မတူကွဲပြားတတ်တာမို့ အနာဂတ်မှာ လူတော်၊လူကောင်းတစ်ယောက်ဖြစ်လာဖို့အတွက် ငယ်စဉ်ကတည်းက နည်းမှန်၊ လမ်းမှန်ထိန်းကျောင်းပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့ ကလေးငယ်များနှင့်နေ့စဉ်ထိတွေ့နေရတဲ့ မိဘများ၊ ဆရာ၊ဆရာမများသာမကညီအစ်ကို၊မောင်နှမများအနေဖြင့်လည်း ကလေးငယ်ရဲ့အစောပိုင်းကာလ စိတ်ပညာဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဗဟုသုတများအပြင် နည်းမှန်၊လမ်းမှန်ထိန်းကျောင်းတတ်စေဖို့ နွေဦးတက္ကသိုလ်နှင့် Spring Normal University တို့အတူ ပူးပေါင်းပြီး Insights into Child…

မြန်မာပြည်၏ အာဇာနည်

မြန်မာပြည်၏ အာဇာနည် ငယ်စဥ်အခါ စာသင်ခန်းထဲမှာ အာဇာနည်​ကိုးဦးဖြစ်တဲ့ ဗိုလ်ချုပ်​အောင်ဆန်း၊ သခင်မြ၊ ဒီးဒုတ် ဦးဘချို၊မန်းဘခိုင်၊ ဦးဘ၀င်း၊ ဦးအုန်း​မောင်၊ မိုင်းပွန်​စော်ဘွားကြီး စပ်စံထွန်း၊ ဦးရာဇတ် ၊ ရဲ​ဘော် ကို​ထွေးတွေ အ​ကြောင်း ဆရာကြီး​တွေ ရှင်းပြတဲ့အခါ ပုံပြင်တစ်ပုဒ်လို ကျွန်မ လိုက်ပါစီး​မြောခံစားပြီး မျက်ရည်များ ကျခဲ့ရသူပါ။ အာဇာနည် သူရဲ​ကောင်း​တွေရဲ့ လက်ရုံးရည်၊ နှလုံးရည်၊ အများအကျိုး သက်စွန့် ​ဆောင်ရွက်​ပေးခဲ့မှုတွေ​​ကြောင့် ဆယ်စုနှစ် ၇ ခု ၊ နှစ်​ပေါင်း ၇၀ ​ကျော် ​လောက်ထိ ကျွန်မတို့​တွေဟာ ​ကောင်းမွန်တဲ့…

နွေဦးဆရာအတတ်ပညာတက္ကသိုလ်၏ ပထမဆုံးယာယီဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ နွေဦးဆရာအတတ်ပညာတက္ကသိုလ် မှ ပထမအကြိမ် ယာယီဘွဲ့နှင်းသဘင်အခမ်းအနားကို ကျင်းပခဲ့သည်။ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် ဒုတိယဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းတို့အပြင် နွေဦးဆရာအတတ်ပညာ တက္ကသိုလ်၏ ယာယီအဓိပတိ၊ တက္ကသိုလ်ကောင်စီဝင်များ၊ ဌာနမှူးများနှင့် ပညာရေး ဘွဲ့ရကျောင်းသားများ တက်ရောက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအသွင်ကူးပြောင်းမှုအတွင်း ပညာရေး၏အနာဂတ်ကို ပုံဖော်ရာတွင် တက္ကသိုလ်၏အခန်းကဏ္ဍကို အလေးထားပြောကြားခဲ့ပါသည်။ ဒုတိယဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းမှလည်း အဖွင့်မိတ်ဆက်စကားပြောကြားခဲ့ပါသည်။ အခမ်းအနား၏…

ငါတို့သမဂ္ဂစိတ်ဓာတ်မပြို

“၇.၇.၆၂ မမေ့ကြနဲ့”  အထက်ပါ စာသားမှာ မြောင်းမြ ကျောင်းသားကိုကျော်ဝင်းက သူ့ကိုယ်က သွေးနဲ့ မန္တလေးဆောင်နံရံမှာ ၇ရက်၊ ၇ လ၊ ၁၉၆၂ ခုနစ်မှာ ရေးသွားခဲ့တာဖြစ်ပါတယ်။ ထိုနေ့ရက်ဟာ ပထမအကြိမ် စစ်အာဏာသိမ်းမှုအပြီး တက္ကသိုလ်ကျောင်းသားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ မျက်နှာဖုံးခွာ စစ်ဘီလူးတွေကို ပထမဆုံးအကြိမ် ကြုံခဲ့ရတဲ့ နေ့ရက်လည်းဖြစ်ပါတယ်။ ၁၉၆၂ မတ်လ ၂ ရက်နေ့မှာ ဗိုလ်နေဝင်းခေါင်းဆောင်တဲ့ စစ်အုပ်စုဟာ တော်လှန်ရေးကောင်စီ အမည်ခံလို့ တိုင်းပြည်ကို အာဏာထိန်းလိုက်ကြောင်း ကြေညာပါတယ်။ အဆိုပါ အာဏာသိမ်းမှုကိုကန့်ကွက်ကြောင်း တကသ၊ ရကသ၊ ဗကသတို့က…

CDMကျောင်းသားများအတွက်အလုပ်ရုံဆွေးနွေးပွဲ

နွေဦးတော်လှန်ရေးတွင် ပညာသင်ယူခွင့် ဆုံးရှုံးနေသော စီဒီအမ်ကျောင်းသားများနှင့် တော်လှန်ရေးသမားများအတွက် ရှေ့ဆက်ပညာသင်ယူနိုင်ရေး အစီအစဉ်များဖော်ထုတ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ကို အောက်ပါရည်ရွယ်ချက်များဖြင့်(၂၈-၅-၂၀၂၃) မှ (၂-၆-၂၀၂၃)ထိ ဆွေးနွေးအဖြေရှာခဲ့ပါသည်။