Category News

အလုပ်ရုံဆွေးနွေးပွဲရလဒ်ဖြစ်‌သော CDM ကျောင်းသားမူဝါဒ (မူကြမ်း) (၁၄) ချက်

CDM ကျောင်းသားမူဝါဒအတွက် နွေဦးဆရာအတတ်ပညာတက္ကသိုလ်(SNU) ၏ ကျောင်းသားများနှင့် ကျောင်းသား မိဘများပါဝင်သော အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ် သြဂုတ်လအတွင်း သုံးရက်ကြာကျင်းပခဲ့သည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲရလဒ်ဖြစ်‌သော CDM ကျောင်းသားမူဝါဒ (မူကြမ်း) (၁၄) ချက်ကို နွေဦးဆရာအတတ်ပညာတက္ကသိုလ်မှ အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။ #SNU #cdmpolicyteam

ကမ္ဘာ့ဆရာများနေ့ ပန်းချီပြိုင်ပွဲဝင်ရန်ဖိတ်ခေါ်ခြင်

ကမ္ဘာ့ဆရာများနေ့ ပန်းချီပြိုင်ပွဲဝင်ရန်ဖိတ်ခေါ်ခြင်း ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (၅)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ အတွက် ပန်းချီပြိုင်ပွဲဝင်လိုသူများအနေဖြင့် အောက်ဖော်ပြပါ စည်းကမ်းချက်များအတိုင်း ပေးပို့ ပြိုင်ပွဲဝင်နိုင်ပါသည်။ #SNU #artcompetition

ပူးတွဲထုတ်ပြန်ကြေညာချက်

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာကဏ္ဍ နွေဦးဆရာအတတ်ပညာတက္ကသိုလ်၊ သင်ကြားရေးအတတ်ပညာတက္ကသိုလ်နှင့် အင်ကြင်းရိပ်ဆရာအတတ်ပညာအကယ်ဒမီ တို့၏ပူးတွဲထုတ်ပြန်ကြေညာချက် #TE#SNU#UoT#INA

SNU- PGDTED B1 ကျောင်းသားကျောင်းသူများ၏ သုံးသပ်ချက်နှင့် အကြံပြုချက်များ

SNU- PGDTED B1 နှင့်ပတ်သက်သော သင်ကြားသင်ယူရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တက်ရောက်နေသော ကျောင်းသားကျောင်းသူများ၏ သုံးသပ်ချက်နှင့် အကြံပြုချက်များ Spring Normal University (SNU) နွေဦးဆရာအတတ်ပညာတက္ကသိုလ် တွင် ပညာသင်နှစ် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှစ၍ Post Graduate Diploma in Teacher Education (PGDTEd B1) သင်တန်း အပတ်စဉ် ၁ အဖြစ် ခေါ်ယူခဲ့ပြီး သင်တန်း ကာလ ၈ လ ကြာမြင့်ပါသည်။ ကျောင်းသားကျောင်းသူပေါင်း…

SNU – AiO5 ကျောင်းသားကျောင်းသူများ၏ သုံးသပ်ချက်နှင့် အကြံပြုချက်များ

SNU – AiO5 နှင့် ပတ်သက်သော သင်ကြားသင်ယူရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တက်ရောက်နေသောကျောင်းသားကျောင်းသူများ၏ သုံးသပ်ချက်နှင့် အကြံပြုချက်များ နွေဦးဆရာအတတ်သင်တက္ကသိုလ် (SNU) သည် AiO5 ကို (၅.၃.၂၀၂၄) မှ (၂၄.၆.၂၀၂၄) အထိ ဖွင့်လှစ်သင်ကြားခဲ့ပါသည်။ AiO5 ၏ သင်ကြား၊ သင်ယူရေး လုပ်ငန်းစဉ်များနှင့် ပတ်သတ်၍ ကျောင်းသား/ သူများ၏ သုံးသပ်ချက်များနှင့် အကြံပြုချက်များကို ကောက်ယူရာတွင် ကျောင်းသား/သူ (၁၉) ဦး ပါဝင်ဖြေဆိုခဲ့ပါသည်။ အောက်ဖော်ပြပါ အချက်အလက်များသည် ထိုကျောင်းသား/သူ များ၏ ဖြေဆိုမှုများအပေါ်…

အမိန့်ပြန်တမ်း

အမိန့်ပြန်တမ်း ဂျူလိုင် ၂၁ အာဏာရှင်ကိုဒူးမထောက်၊ မြင့်မြတ်သောစိတ်၊ ရဲဝံ့သောနှလုံးသားဖြင့် အာဏာဖီဆန်မှုတွင် အဆုံးထိ ပါဝင်ပြီး ကင်ဆာရောဂါဖြင့်ကြွေလွင့်ခဲ့ပါသော “ဆရာဦးသော်ဇင်လင်းအား ရန်ကုန်ပညာရေး တက္ကသိုလ်၏ နွေဦး တော်လှန်ရေးအာဇာနည်စီဒီအမ်တစ်ဦး” အဖြစ် အလေးအမြတ် မှတ်တမ်းတင် ဂုဏ်ပြုပြီး နွေဦးတော်လှန်ရေး အောင်မြင်ပြီးသည့်အချိန်တွင် ဆရာဦးသော်ဇင်လင်းနှင့်ပတ်သက်၍ လုပ်ဆောင် စရာရှိသည်များကို နွေဦးဆရာအတတ်ပညာတက္ကသိုလ်အနေဖြင့် ဆက်လက်လုပ်ဆောင် ပေးသွားမည် ဖြစ်ပါသည်။ ဆရာဦးသော်ဇင်လင်း အနေဖြင့် ၂၀၂၄ ခုနှစ်၊ဇူလိုင်လ(၂၀)ရက်နေ့မှစ၍ “သင် သွားလိုရာ၊ သွားနိုင်ပြီ” ဖြစ်ကြောင်း အမိန့်ထုတ် ပြန်လိုက်သည်။ #SNU

ကျောင်းသားကျောင်းသူများ၏ သုံးသပ်ချက်နှင့် အကြံပြုချက်များ

NU – New Intake နှင့် ပတ်သက်သော သင်ကြားသင်ယူရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တက်ရောက်နေသောကျောင်းသားကျောင်းသူများ၏ သုံးသပ်ချက်နှင့် အကြံပြုချက်များ Spring Normal University နွေဦးဆရာအတတ်ပညာတက္ကသိုလ်တွင် ယခုနှစ် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှစ၍ အပတ်စဉ် ၁ အဖြစ် ခေါ်ယူခဲ့ပြီး ပထမစာသင်ကာလ ကို ၂၇.၂.၂၀၂၄ မှ ၃၁.၅.၂၀၂၄ ထိ သတ်မှတ်၍ ၃ လ အချိန်ယူသင်ကြားခဲ့ပါသည်။ ကျောင်းသားကျောင်းသူပေါင်း ၁၂၈ ယောက် တက်ရောက်ခဲ့ပြီး စာသင်ချိန် စုစုပေါင်း ၂၁၆ချိန်ဖြင့်…

ပူးတွဲသဘောတူညီချက်

နွေဦးဆရာအတတ်ပညာတက္ကသိုလ် (SNU) နှင့် တအာင်းပညာရေးအကယ်ဒမီ(TEA) တို့၏ ပူးတွဲသဘောတူညီချက် ရက်စွဲ။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၃) ရက်နေ့ ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ နွေဦးဆရာအတတ်ပညာတက္ကသိုလ် (SNU) နှင့် တအာင်းပညာရေးအကယ်ဒမီ (TEA) တို့၏ ကိုယ်စားလှယ်များသည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၃) ရက် နေ့ တွင် ကြားကာလ ပညာရေးလုပ်ငန်းများ၊ ကြားကာလ အွန်လိုင်း ကျောင်းများရှိ စေတနာ့ဝန်ထမ်းဆရာ၊ ဆရာမများ၏ ဆရာ့အရည်အသွေးမြှင့်တင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပူးပေါင်းလုပ်ဆောင်ရန် သဘောတူညီမှု ရရှိခဲ့ကြသည်။…

ကျောင်းသား၊ ကျောင်းသူများသို့ အသိပေးကြေညာခြင်း

တက္ကသိုလ်ဝင်ခွင့်လျှောက်ထားကြသော ကျောင်းသား၊ ကျောင်းသူများသို့ အသိပေးကြေညာခြင်း။ ၁.၇.၂၀၂၄ ညသန်းခေါင်အချိန်မှစတင်၍ တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များသည် တက္ကသိုလ်ဝင်ခွင့်လျောက်ထားလာကြသော ကျောင်းသား၊ ကျောင်းသူများ၏ လျှောက်လွှာများအား စိစစ်အတည်ပြုခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။ မှန်ကန်ပြည့်စုံသော လျှောက်လွှာများကို Verified ပေးနေပြီဖြစ်ပြီး အချက်အလက်မပြည့်စုံသောလျှောက်လွှာများကို လိုအပ်သည့်အချက်အလက်များ MES မှတဆင့် ပြန်လည်တောင်းခံနေပြီဖြစ်ပါသည်။ (ပုံတွင် ကြည့်ရန်) သို့ဖြစ်ပါ၍ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားကြသည့် ကျောင်းသားကျောင်းသူများအနေဖြင့် မိမိတို့၏ MES အကောင့်များအား စောင့်ကြည့်ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ မှတ်ချက်။ ။ လျှောက်လွှာများစိစစ်အတည်ပြုခြင်းလုပ်ငန်းစဉ်များသည် ၃၁.၇.၂၀၂၄ ရက်နေ့အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့်…