Category News

PGDTEd (Upper Secondary) အပါတ်စဥ် (၂) Exam Result

၂၀၂၄ခုနှစ် မတ်လမှ ၂၀၂၄ခုနှစ် နိုဝင်ဘာလအတွင်း နွေဦးဆရာအတတ်ပညာတက္ကသိုလ်(SNU) ၏ ဘွဲ့လွန်ဆရာအတတ်ပညာ ဒီပလိုမာ(အထက်တန်း) PGDTEd (Upper Secondary) အပါတ်စဥ် (၂)သင်တန်းကို ကောင်းစာအောင်မြင်ပြီးမြောက်ခဲ့သော သင်တန်းသား/သူ များနှင့် ပြန်လည်ဖြေဆိုရမည့် သင်တန်းသား/သူ များစာရင်း။ #SNU #pgdted_batch2 #results

First Year Exam Result

၂၀၂၄ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၄ခုနှစ် ဒီဇင်ဘာလအတွင်း နွေဦးဆရာအတတ်ပညာတက္ကသိုလ်(SNU) ၏ ပညာရေးဘွဲ့အသီးသီး၏ ပထမနှစ်ကို ကောင်းစွာအောင်မြင်ပြီးမြောက်ခဲ့သော ကျောင်းသား/သူ များ၊ ကျရှုံးခဲ့သော ကျောင်းသား/သူ များနှင့် ပြန်လည်ဖြေဆိုရမည့် ကျောင်းသား/သူ များစာရင်း။ #SNU #newintake_batch1 #results

၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားအတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ

နွေဦးဆရာအတတ်ပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ကျင်းပသော (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားအတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ #နွေဦးဆရာအတတ်ပညာတက္ကသိုလ်#SNU #ကျောင်းသားများသမဂ္ဂ

နွေဦးဆရာအတတ်ပညာတက္ကသိုလ်၏ တတိယအကြိမ်ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ နွေဦးဆရာအတတ်ပညာတက္ကသိုလ်မှ တတိယအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းနှင့် တက္ကသိုလ် ကောင်စီဝင်များ၊ ဌာနမှူးများနှင့် ပညာရေး ဘွဲ့ရကျောင်းသားများ တက်ရောက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ နွေဦးဆရာအတတ်ပညာ၏ ကြားကာလပညာရေးအတွက် ကြိုးပမ်းအားထုတ်မှုများအတွက် အားရကျေနပ်ကြောင်း၊ အရည်အသွေးပြည့်ဝသည့် ဆရာ၊ ဆရာမများ မွေးထုတ်ပေးနိုင်ခြင်းသည် တော်လှန်ရေးကာလအတွက် များစွာအထောက်အပံ့ဖြစ်ကြောင်း အလေးထားပြောကြားခဲ့ပါသည်။ ဒုတိယဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းမှလည်း အဖွင့်မိတ်ဆက်စကားပြောကြားခဲ့ပါသည်။  ထို့နောက်…

နွေဦးဆရာ အတတ်ပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ

” ကျောင်းသားရှိလျှင် ကျောင်းသားသမဂ္ဂရှိရမည်‌ ” ဆိုသည့်အတိုင်းနွေဦးဆရာအတတ်ပညာတက္ကသိုလ်၌ကျောင်းသားထုကိုကိုယ်စားပြုသော သမဂ္ဂ တစ်ရပ်ဖွဲ့စည်းနိုင်ရေးအတွက် ဗကသ အဖွဲ့ချုပ်ဝင်ကျောင်းသားရဲဘော်များနှင့် ၂၀၂၄ ခုနှစ် ၊ နိုဝင်ဘာ ၄ ရက်နေ့တွင် တွေ့ဆုံ စည်းဝေးကာ ညီလာခံပြင်ဆင်ရေး ကော်မတီအားဖွဲ့စည်းခဲ့သည်။ ထို့နောက် နိုဝင်ဘာ ၁၆ ရက်နေ့‌တွင် ညီလာခံ ပြင်ဆင်ရေးကော်မတီဝင်များ၏ သဘောတူဆုံးဖြတ်ချက်ဖြင့် နွေဦးဆရာအတတ်ပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ၊ ဗဟိုအမှုဆောင်အဖွဲ့အား အဖွဲ့ဝင် (၉)ဦးဖြင့် ဖွဲ့စည်းရန်အတည်ပြုခဲ့သည်။ နိုဝင်ဘာ ၂၀ ရက်နေ့‌တွင်မူ နွေဦးဆရာ အတတ်ပညာ တက္ကသိုလ်ရှိ အတန်းအသီးသီးတွင်…

နွေဦးဆရာအတတ်ပညာတက္ကသိုလ်နှစ်လည်မဂ္ဂဇင်း ထုတ်ဝေခြင်း

နွေဦးဆရာအတတ်ပညာတက္ကသိုလ်နှစ်လည်မဂ္ဂဇင်း ထုတ်ဝေခြင်း ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက် မတရားမှုကိုဆန့်ကျင်၍ ဓမ္မကိုမြတ်နိုးသော ဆရာ/မများဖြင့် ထူထောင်ခဲ့သည့် နွေဦးဆရာအတတ်ပညာတက္ကသိုလ် (SNU)သည် ၂၀၂၄ခုနှစ် စက်တင်ဘာလတွင် (၃)နှစ်တိတိပြည့်ခဲ့ပြီဖြစ်ပါသည်။ သုံးနှစ်ပြည့်အထိမ်းအမှတ် မဂ္ဂဇင်းအား အောက်ပါlinkတွင် download ရယူပြီး ဖတ်ရှုနိုင်ပါသည်။ https://drive.google.com/…/1XgO8SngKUqiqvBBku7E…/view… #အရေးတော်ပုံအောင်ရမည်။ #နွေဦးဆရာအတတ်ပညာတက္ကသိုလ် #သားရေရတု

နွေဦးဆရာအတတ်ပညာတက္ကသိုလ်၏ သဝဏ်လွှာ

နိုင်ငံတစ်ဝန်း တော်လှန်ပညာသင်ကြားပေးနေသော အာဂဆရာများသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အခမ်းအနားမှတစ်ဆင့် ပေးပို့သော နွေဦးဆရာအတတ်ပညာတက္ကသိုလ်၏ သဝဏ်လွှာ #SNU #worldteachers‘day

ရေဘေးအလှူအတွက်ရရှိငွေများကို 2နေရာခွဲ၍ လှူဒါန်

ရေဘေးအလှူအတွက်ရရှိငွေများကို 2နေရာခွဲ၍ လှူဒါန်းမည်ဖြစ်ရာ ယနေ့ 27.9.2024 သောကြာနေ့တွင် ******မြို့ရှိ ရေဘေးသင့်ပြည်သူများထံသို့အိမ်ခြေ 300အတွက် တစ်အိမ်လျှင် ကြက်ဥ 5လုံးနှုန်းဖြင့် SNU မိသားစုမှ ရရှိထားသော အလှူငွေဖြင့် အာဟာရဒါန လှူဒါန်းခဲ့ပါသည်။ဤကောင်းမှုကြောင့် SNU မိသားစု အလှူရှင်များအားလုံး ကပ်ကြီးသုံးပါး ကျော်လွှားနိုင်ပြီး ဘေးကင်းလုံခြုံကြပါစေ။ ဆန်ကိုဝယ်ယူထားပြီးဖြစ်၍ နောက်ထပ် ဆန်အလှူကို *******မြို့နယ်ရှိ ရေဘေးသင့်ပြည်သူများရှိရာရွာသို့ ဆက်၍ လှူဒါန်းပါမည်။ #SNU #donation