— တက္ကသိုလ်ဝင်ခွင့်လျှောက်ထားခြင်း —

ဒုတိယအကြိမ် မြန်မာပညာရေးစနစ် Myanmar Education System(MES) မှတဆင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရာတွင်

နွေဦးဆရာအတတ်ပညာတက္ကသိုလ် (Spring Normal University) ကိုလည်း စတင်ရွေးချယ်နိုင်ပြီ ဖြစ်ပါသည်။

နွေဦးဆရာအတတ်ပညာတက္ကသိုလ်တွင် –

၁။ပညာရေးဘွဲ့(ရှေးဦးကလေးသူငယ်ပြုစုခြင်း)

၂။ပညာရေးဘွဲ့ (မူလတန်း)

၃။ပညာရေးဘွဲ့ (အလယ်တန်း) နှင့်

၄။ ပညာရေးဘွဲ့ (အထက်တန်း) ဆိုပြီး ဘွဲလေးမျိုးလျှောက်ထားနိုင်မှာဖြစ်ပါသည်။

နွေဦးဆရာအတတ်ပညာတက္ကသိုလ် (Spring Normal University, SNU) ရှိ ဘွဲ့သင်တန်းများကို အောက်ဖော်ပြပါ လမ်းညွှန်ချက်အတိုင်း ဝင်ရောက် လျှောက်ထားနိုင်ပါသည်။

တက္ကသိုလ်ဝင်ခွင့်လျှောက်ထားခြင်းအတွက် အဓိကအားဖြင့် (၂) ပိုင်းရှိပါသည်။

၁။ MES တွင် ကျောင်းသား/သူ အဖြစ်စာရင်းသွင်းခြင်း (BECA ဖြင့်အောင်မြင်ထားသောကျောင်းသား/သူများအတွက် မလိုအပ်ပါ၊ အဆင့် (၂) တက္ကသိုလ်ဝင်ခွင့် တန်းလျှောက်နိုင်ပါသည်။)

၂။ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားခြင်း။

မြန်မာပညာရေးစနစ် (MES) ကို အသုံးပြုပြီး တက္ကသိုလ်ဝင်ခွင့် လျှောက်ထားခြင်း

ပင်မအဆင့် (၁)

ပင်မအဆင့် (၂)

MES တွင် ကျောင်းသား၊ကျောင်းသူ အဖြစ် စာရင်းသွင်း (Registration) ပြုလုပ်ခြင်း

(၁-၁) ကိုယ်ရေးအချက်အလက်များဖြည့်သွင်းခြင်း၊

(၁-၂) အခြားအချက်အလက်များ ဖြည့်သွင်းခြင်းနှင့်

(၁-၃) ယခင်က နောက်ဆုံးတက်ရောက်ခဲ့သော ကျောင်းဆိုင်ရာ အချက်အလက်များ

တက္ကသိုလ်ဝင်ခွင့်လျှောက်ထားခြင်း

 (၂-၁) ကိုယ်ရေးအချက်အလက်များ ဖြည့်သွင်းခြင်း

 (၂-၂) ပညာရေးအချက်အလက်များဖြည့်သွင်းခြင်း

 (၂-၃) ဦးစားပေးတက္ကသိုလ်ရွေးချယ်ခြင်း

တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရန် ဤလင့်ကို နှိပ်ပါ။

မေတ္တာရပ်ခံချက်

ကျောင်းသားကျောင်းသူများအားလုံး လမ်းညွှန်စာအုပ်ကို အရင်ဦးစွာ သေချာဖတ်ရှုပေးကြပါရန်။ လမ်းညွှန်ကို ဦးစွာဖတ်ရှုပြီးမှ မေးခွန်းမေးမြန်းကြပါက ပိုပြီးအဆင်ပြေပါကြောင်း။

တက္ကသိုလ်ဝင်ခွင့်နှင့်ပတ်သက်၍ ခေါ်ယူမည့်တက္ကသိုလ်များ၊ ဝင်ခွင့်လမ်းညွှန်၊ စာရင်းသွင်းခြင်းလုပ်ငန်းစဉ်များကို အောက်ပါ လင့်မှတဆင့် ဝင်ရောက်ဖတ်ရှု လေ့လာနိုင်ပါသည်။

https://moe.nugmyanmar.org/he/uni-ent-24/