အမိန့်ပြန်တမ်း
ဂျူလိုင် ၂၁
အာဏာရှင်ကိုဒူးမထောက်၊ မြင့်မြတ်သောစိတ်၊ ရဲဝံ့သောနှလုံးသားဖြင့် အာဏာဖီဆန်မှုတွင် အဆုံးထိ ပါဝင်ပြီး ကင်ဆာရောဂါဖြင့်ကြွေလွင့်ခဲ့ပါသော “ဆရာဦးသော်ဇင်လင်းအား ရန်ကုန်ပညာရေး တက္ကသိုလ်၏ နွေဦး တော်လှန်ရေးအာဇာနည်စီဒီအမ်တစ်ဦး” အဖြစ် အလေးအမြတ် မှတ်တမ်းတင် ဂုဏ်ပြုပြီး နွေဦးတော်လှန်ရေး အောင်မြင်ပြီးသည့်အချိန်တွင် ဆရာဦးသော်ဇင်လင်းနှင့်ပတ်သက်၍ လုပ်ဆောင် စရာရှိသည်များကို နွေဦးဆရာအတတ်ပညာတက္ကသိုလ်အနေဖြင့် ဆက်လက်လုပ်ဆောင် ပေးသွားမည် ဖြစ်ပါသည်။
ဆရာဦးသော်ဇင်လင်း အနေဖြင့် ၂၀၂၄ ခုနှစ်၊ဇူလိုင်လ(၂၀)ရက်နေ့မှစ၍ “သင် သွားလိုရာ၊ သွားနိုင်ပြီ” ဖြစ်ကြောင်း အမိန့်ထုတ် ပြန်လိုက်သည်။
