နွေဦးဆရာအတတ်ပညာတက္ကသိုလ် (SNU) နှင့် Pathfinder Institute Myanmar တို့၏
ပူးတွဲထုတ်ပြန်ကြေညာချက်
ရက်စွဲ။ ၂၀၂၄ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့
၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ နွေဦးဆရာအတတ်ပညာတက္ကသိုလ် (SNU) နှင့် Pathfinder Institute Myanmar တို့၏ ကိုယ်စားလှယ်များသည် ၂၀၂၄ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့တွင် ကြားကာလ ပညာရေးလုပ်ငန်းများ၊ ကြားကာလ အွန်လိုင်း ကျောင်းများရှိ စေတနာ့ဝန်ထမ်းဆရာ၊ ဆရာမ များ၏ ဆရာ့အရည်အသွေးမြှင့်တင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပူးပေါင်းလုပ်ဆောင်ရန် သဘော တူညီမှု ရရှိခဲ့ကြသည်။
၂။ ပူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်ရာတွင်
(က) ဆရာ့အတတ်ပညာဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ
(ခ) သုတေသနအခြေပြုပညာရေးကိစ္စရပ်များ နှင့်
(ဂ) မျိုးဆက်သစ်ဆရာ၊ ဆရာမများလေ့ကျင့်ပျိုးထောင်ပေးရေးကိစ္စရပ်များ
စသည့် ပညာရေးလုပ်ငန်းစဉ် (၃) ရပ်ကို အခြေခံ၍ ကြားကာလပြည်သူ့ပညာရေးယန္တရားမှတဆင့် အသွင် ကူးပြောင်းရေးကာလများအထိ ဆရာ၊ ဆရာမများ၏ အခြေခံပညာ၊ ဆရာ့အတတ်ပညာနှင့် အဆင့် မြင့်ပညာရေး လုပ်ငန်းများကို ဆရာ၊ဆရာမများနှင့်ကျောင်းသား၊ကျောင်းသူများ၏ ပညာရည်မြင့်မားရေး အတွက် ရှေ့ရှုကာ အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်သွားကြမည် ဖြစ်ပါသည်။
“တော်လှန်ရင်းတည်ဆောက် တည်ဆောက်ရင်းတော်လှန်
ပြည်သူ့ပညာရေးအားမာန်”
