နွေဦးဆရာ အတတ်ပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ

” ကျောင်းသားရှိလျှင် ကျောင်းသားသမဂ္ဂရှိရမည်‌ ” ဆိုသည့်အတိုင်းနွေဦးဆရာအတတ်ပညာတက္ကသိုလ်၌ကျောင်းသားထုကိုကိုယ်စားပြုသော သမဂ္ဂ တစ်ရပ်ဖွဲ့စည်းနိုင်ရေးအတွက် ဗကသ အဖွဲ့ချုပ်ဝင်ကျောင်းသားရဲဘော်များနှင့် ၂၀၂၄ ခုနှစ် ၊ နိုဝင်ဘာ ၄ ရက်နေ့တွင် တွေ့ဆုံ စည်းဝေးကာ ညီလာခံပြင်ဆင်ရေး ကော်မတီအားဖွဲ့စည်းခဲ့သည်။

ထို့နောက် နိုဝင်ဘာ ၁၆ ရက်နေ့‌တွင် ညီလာခံ ပြင်ဆင်ရေးကော်မတီဝင်များ၏ သဘောတူဆုံးဖြတ်ချက်ဖြင့် နွေဦးဆရာအတတ်ပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ၊

ဗဟိုအမှုဆောင်အဖွဲ့အား အဖွဲ့ဝင် (၉)ဦးဖြင့် ဖွဲ့စည်းရန်အတည်ပြုခဲ့သည်။

နိုဝင်ဘာ ၂၀ ရက်နေ့‌တွင်မူ နွေဦးဆရာ အတတ်ပညာ တက္ကသိုလ်ရှိ အတန်းအသီးသီးတွင် ပညာသင်ကြားနေသော

ကျောင်းသားထုနှင့် ပြင်ဆင်ရေးကော်မတီတွေ့ဆုံကာ နွေဦးဆရာ အတတ်ပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂဖွဲ့စည်းရေးအတွက် ကိုယ်စားလှယ်လောင်းများ အား ဖိတ်ခေါ် စာရင်းကောက်ယူခဲ့သည်။

ရွေးကောက်ခံကိုယ်စားလှယ်လောင်းများစာရင်းကို ကောက်ယူပြီးစီးပြီးနောက်နိုဝင်ဘာ ၂၅ ရက်နေ့တွင် ကိုယ်စားလှယ်လောင်းများနှင့်ကျောင်းသားထုတွေ့ဆုံကာ မဲဆွယ်စည်းရုံး ဟောပြောမှုများပြုလုပ်ခဲ့ပြီး နိုဝင်ဘာ ၂၆ရက်နေ့နှင့် ၂၇ရက်နေ့အတွင်း Google formဖြင့် ကျောင်းသားထု၏ သဘောဆန္ဒအား မဲစာရင်းကောက်ယူခဲ့သည်။

နိုဝင်ဘာ၂၈ တွင်မူညီလာခံပြင်ဆင်ရေးကော်မတီမှ ရွေးကောက်ပွဲ မဲစာရင်းရလဒ်များကို ​ထုတ်ပြန်ကြေညာခဲ့သည်။

မဲစာရင်း ရလဒ်များအရ ဒီဇင်ဘာ ၁ ရက်နေ့တွင် နွေဦးဆရာ အတတ်ပညာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဗဟိုအမှုဆောင်အဖွဲ့ကို အောက်ပါ အတိုင်း ဖွဲ့စည်းကြောင်းကြေညာချက်ထုတ်ပြန်ခဲ့သည်။

နွေဦးဆရာ အတတ်ပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ

ဗဟိုအမှုဆောင် အဖွဲ့ဝင်များ

၁။ဥက္ကဋ္ဌ

23snumdy0550(Arty)

၂။ဒု-ဥက္ကဋ္ဌ(၁)

19snuu0011(Zo Zo)

၃။ဒု-ဥက္ကဋ္ဌ(၂)

J00MMAA112(Win Boy)

၄။အထွေထွေအတွင်းရေးမှူး

1-snuls-1/24-028 (Sr.Zann)

၅။တွဲဘက် အတွင်းရေးမှူး(၁)

1-snuus-2/24-285( Silent )

၆။တွဲဘက် အတွင်းရေးမှူး(၂)

1-snuls-1/24-014(Tr.Shin Nwee)

၇။ဘဏ္ဍာရေးမှူး

1-snuus-1/24-007 (Nora)

၈။တွဲဘက်ဘဏ္ဍာရေးမှူး

1-snuls-2/24-087(LS to US),(Deer)

၉။သတင်းနှင့်ပြန်ကြားရေး

1-snuus-1/24-052(Zora Zoe)

#SNU

No photo description available.