တိုင်းပြည်အနာဂတ်ကို ပုံဖော်လိုသည့် စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများကို ဖိတ်ခေါ်ခြင်း

တော်လှန်ရေးအရှိန်မြင့်တက်နေသော ဒေသများရှိ ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးအတွက် တာဝန်ထမ်းဆောင်လိုသည့် စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများကို ဗကသများအဖွဲ့ချုပ်မှ ဖိတ်ခေါ်လျက်ရှိပါသည်။ ရန်သူ့ ပညာရေးယန္တရားကို ဆန့်ကျင်သပိတ်မှောက်ပြီးနောက် လူထုအခြေပြု ပညာရေးယန္တရားကို စနစ်တကျတည်ဆောက်ရန် လိုအပ်သည်မှာ တော်လှန်ရေး၏ အခြေခံ သဘောတရားဖြစ်ပါသည်။ အနာဂတ်နိုင်ငံတော်ကို ပုံဖော်ချင်သူများအတွက် ပညာရေးကဏ္ဍသည် အခရာဖြစ်သည့်အလျောက် အနာဂတ်ကို ထုဆစ်လိုသည့် ဆရာ၊ ဆရာမများကို အောက်ဖော်ပြပါ အရည်အချင်းများအပေါ် အခြေခံကာ လေးစားစွာ ဖတ်ခေါ်လိုက်ပါသည်။

(၁) တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်ပြီးသူဖြစ်ရမည်။

(၂) အနည်းဆုံး ပညာသင်နှစ် (၂) ခုစာအတွက် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

(၃) ဆရာအတတ်ပညာကို မသင်ယူရသေးပါက သင်ယူလိုစိတ်ရှိရမည်။

(၄) တာဝန်လက်ခံရရှိသည့် လူမှုဝန်းကျင်နှင့် ကိုက်ညီစွာ နေထိုင်နိုင်သူဖြစ်ရမည်။

🔴 စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများ၏ စားရေးသောက်ရေးနှင့် လုံခြုံရေးကို တာဝန်ယူမည်ဖြစ်ပါသည်။

ဆက်သွယ်ရန်

ရဲဘော်ယုမေ

cec.abfsu@gmail.com