ကျောင်းသား၊ ကျောင်းသူများသို့ အသိပေးကြေညာခြင်း

🔔🔔🔔တက္ကသိုလ်ဝင်ခွင့်လျှောက်ထားကြသော ကျောင်းသား၊ ကျောင်းသူများသို့ အသိပေးကြေညာခြင်း။ 🔔🔔🔔

၁.၇.၂၀၂၄ ညသန်းခေါင်အချိန်မှစတင်၍ တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များသည် တက္ကသိုလ်ဝင်ခွင့်လျောက်ထားလာကြသော ကျောင်းသား၊ ကျောင်းသူများ၏ လျှောက်လွှာများအား စိစစ်အတည်ပြုခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

မှန်ကန်ပြည့်စုံသော လျှောက်လွှာများကို Verified ပေးနေပြီဖြစ်ပြီး အချက်အလက်မပြည့်စုံသောလျှောက်လွှာများကို လိုအပ်သည့်အချက်အလက်များ MES မှတဆင့် ပြန်လည်တောင်းခံနေပြီဖြစ်ပါသည်။ (ပုံတွင် ကြည့်ရန်)

သို့ဖြစ်ပါ၍ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားကြသည့် ကျောင်းသားကျောင်းသူများအနေဖြင့် မိမိတို့၏ MES အကောင့်များအား စောင့်ကြည့်ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

💥မှတ်ချက်။ ။ လျှောက်လွှာများစိစစ်အတည်ပြုခြင်းလုပ်ငန်းစဉ်များသည် ၃၁.၇.၂၀၂၄ ရက်နေ့အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် အကြောင်းကြားချက် မရရှိသေးသော ကျောင်းသား၊ကျောင်းသူများအနေဖြင့် စိတ်မပူကြပါရန်လည်း အသိပေးအပ်ပါသည်။

အသေးစိတ်ကို Mes guide book တွင်ဖတ်ကြပါရန် 🔔🔔🔔

တက္ကသိုလ်၀င်ခွင့် လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့

#SNU

#newintake

#batch2

No photo description available.