NU – New Intake နှင့် ပတ်သက်သော သင်ကြားသင်ယူရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တက်ရောက်နေသောကျောင်းသားကျောင်းသူများ၏ သုံးသပ်ချက်နှင့် အကြံပြုချက်များ
Spring Normal University နွေဦးဆရာအတတ်ပညာတက္ကသိုလ်တွင် ယခုနှစ် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှစ၍ အပတ်စဉ် ၁ အဖြစ် ခေါ်ယူခဲ့ပြီး ပထမစာသင်ကာလ ကို ၂၇.၂.၂၀၂၄ မှ ၃၁.၅.၂၀၂၄ ထိ သတ်မှတ်၍ ၃ လ အချိန်ယူသင်ကြားခဲ့ပါသည်။ ကျောင်းသားကျောင်းသူပေါင်း ၁၂၈ ယောက် တက်ရောက်ခဲ့ပြီး စာသင်ချိန် စုစုပေါင်း ၂၁၆ချိန်ဖြင့် ပညာရေးဆိုင်ရာဘာသာရပ်များနှင့် စာပေသိပ္ပံဘာသာရပ်များကိုပါ ပူးတွဲပို့ချခဲ့ပါသည်။ ယခု စာစောင်သည် Spring Normal University-နွေဦးဆရာအတတ်ပညာတက္ကသိုလ်၏ New Intake အပတ်စဉ် ၁ တွင် သင်ယူနေသော ကျောင်းသားကျောင်းသူများ၏ စကားသံကို အခြေပြုဖော်ပြထားခြင်းဖြစ်ပါသည်။

















