ငယ်ရွယ်ဖွံ့ဖြိုးစ ကလေးငယ်များရဲ့ သဘာဝ၊ စရိုက်များကို ကောင်းမွန်စွာ ထိန်းကျောင်းတတ်စေဖို့ အလုပ်ရုံဆွေးနွေးပွဲတစ်ခု စတင်မိတ်ဆက်လိုက်ပါပြီ။
အားလုံးပဲ မင်္ဂလာပါ။
ကလေးငယ်တစ်ဦးရဲ့ ငယ်ရွယ်စဉ်ဖွံ့ဖြိုးဆဲကာလမှာ မတူညီတဲ့ သဘာဝ၊ ပင်ကိုယ်စရိုက်နဲ့
အမူအကျင့်များဟာ မတူကွဲပြားတတ်တာမို့ အနာဂတ်မှာ လူတော်၊လူကောင်းတစ်ယောက်ဖြစ်လာဖို့အတွက် ငယ်စဉ်ကတည်းက နည်းမှန်၊ လမ်းမှန်ထိန်းကျောင်းပေးဖို့ လိုအပ်ပါတယ်။
ဒါကြောင့်မို့ ကလေးငယ်များနှင့်နေ့စဉ်ထိတွေ့နေရတဲ့ မိဘများ၊ ဆရာ၊ဆရာမများသာမကညီအစ်ကို၊မောင်နှမများအနေဖြင့်လည်း ကလေးငယ်ရဲ့အစောပိုင်းကာလ စိတ်ပညာဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဗဟုသုတများအပြင်
နည်းမှန်၊လမ်းမှန်ထိန်းကျောင်းတတ်စေဖို့ နွေဦးတက္ကသိုလ်နှင့် Spring Normal University တို့အတူ ပူးပေါင်းပြီး Insights into Child Psychology and Early Development ဆိုတဲ့ အလုပ်ရုံဆွေးနွေးပွဲလေးတစ်ခုကို ပူးပေါင်းစီစဉ်ထားရှိပါတယ်။
သြဂုတ်လ ( ၆ ) ရက်နေ့ စတင်သွားမှာဖြစ်ပြီး အောက်ဖော်ပြပါခေါင်းစဉ်များဖြင့် အပတ်စဉ်တနင်္ဂနွေ၊ ည (၇) နာရီမှ (၉) နာရီအထိ (၄) ပတ်တာ ဆွေးနွေးမျှဝေသွားမှာဖြစ်ပါတယ်။
Psychoanalytic Theory
Temperament and Attachment Style
Punishment vs Discipline
Social emotional Development of Early Year
အဆိုပါအလုပ်ရုံဆွေးနွေးပွဲလေးမှတဆင့် ကလေးငယ်တစ်ယောက် ကြီးထွားမှု နှင့် ကျန်းမာရေးအသိပညာများကို လေ့လာသိရှိရုံသာမက မိမိရဲ့ကလေးငယ်များရဲ့ အနာဂတ်ဘဝတိုးတက်ရေးအတွက် ကြိုတင်ပြင်ဆင်သင့်သည့်အချက်များကိုလည်း မျှဝေဆွေးနွေးသွားမှာမို့ အားလုံးအတွက် အကျိုးရှိလိမ့်မယ်ထင်ပါတယ်။
ပညာဒါနဆွေးနွေးပွဲတစ်ခုဖြစ်တာနှင့်အညီ ဗဟုသုတများစွာရရှိနိုင်မယ့် ဆွေးနွေးပွဲလေးတစ်ခုဖြစ်တာမို့ ဖော်ပြပါ Link လေးမှတဆင့် အခမဲ့ တက်ရောက်စာရင်းပေးသွင်းနိုင်ပါပြီခင်ဗျာ။
Link : https://ee.humanitarianresponse.info/single/ok30fhfl?returnUrl=https://t.me/+KAHXigxRfa42ZWQ1
ငယ်ရွယ်ဖွံ့ဖြိုးစအရွယ်ကလေးငယ်များရဲ့ သဘာဝ၊ စရိုက်များကို ကောင်းမွန်စွာ ထိန်းကျောင်းတတ်စေဖို့ မိတ်ဆွေ၊ သူငယ်ချင်းများကိုလည်း အတူတူ မျှဝေလိုက်ရအောင် ။