This is the default user group. All existing users are automatically included in this group. Groups can be modified or deleted by the admin.
3 years ago no Comment

💙 Spring Normal University  မှ ဖွင့်လှစ်မည့် အခြေခံ ပန်းချီသင်တန်းကို တက်ရောက်ကြမည့်  ကျောင်းသားကျောင်းသူများအား ကြိုဆိုလိုက်ပါတယ်ရှင် ….. ။ 💙 🌹သင်တန်းအကြောင်း 🌹 🗓စတင်မည့်ရက် : 2nd December, 2023⏲ အချိန်             : 5 to 6 pm                              (every weekend) ✌️ဒီသင်တန်းဟာဆိုရင် online classဖြစ်တာကြောင့် အချိန်မကုန် လူမပင်ပန်းဘဲ သက်သက်သာသာ သင်ယူလေ့လာနိုင်တဲ့သင်တန်း ဖြစ်ပါတယ်။ ✌️အခြေခံလုံးဝမရှိတဲ့လူငယ်တွေအတွက်လည်း ခဲတံကိုင်နည်းကအစ သေချာသင်ကြားပေးသွားမှာဖြစ်ပါတယ်။ 😍သင်တန်းကို တက်ရလွယ်ကူအောင်နှင့် အ ခြေခံကနေစ သင် ပေးတာဖြစ်လို့ တပြိုင်တည်းလည်းတက်လို့ရသလို တစ်ဆင့်ချင်းလည်းတက်လို့ရပါတယ် 😊သင်ကြားပေးမယ့်ဘာသာတွေကတော့👉အခြေခံမျဉ်း👉အသွေးအနုအရင့်👉ပုံသဏ္ဌာန်👉အလင်းအမှောင်👉ပုံဖော်👉doodle👉အရာဝထ္ထု👉အသီးအနှံ👉ရိုးရာပန်းချီ👉စာလုံးရေးနည်း👉Color Theory👉လူပုံရေးနည်း နှင့်👉ရှုခင်းပုံများ ရေးဆွဲတတ်တဲ့အထိ တစ်ဆင့်ချင်းသင်ကြားပေးသွားမှာဖြစ်လို့ စိတ်ပါ၀င်စားသော ကျောင်းသားကျောင်းသူများ google form မှ တစ်ဆင့် လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်း ပါးပါရစေရှင်။🔽🔽🔽🔽🔽 https://forms.gle/koFwka4Gq4p1mxxe8

3 years ago no Comment

https://snuedu.org/wp-content/uploads/2023/11/video_2023-11-18_22-40-26.mp4 🔥 AiO4 တက်ရောက်နေသည့် ကျောင်းသား/သူများအတွက်သာ 🔥 🚨 Announcement 🚨 English စာ သင်ယူရန် နောက်ကျနေပြီလို့ သင်ထင်နေမယ် ဆိုရင်တော့ ကျွန်ုပ်တို့ နဲ့ အတူ အခုပဲ စတင်လိုက်ပါ။ နွေဦးဆရာအတတ်သင် တက္ကသိုလ် (Spring Normal University) မှ AiO4 ကျောင်းသား/သူ များအတွက် English Speaking သင်တန်း တစ်ခု မကြာမီရက် အတွင်း စတင်တော့မှာ ဖြစ်ပါတယ်။ 🌎 Course Name : English Speaking Circle 📅 Starting Date : November 11, 2023 (Saturday) 🗓 Duration : 15 Weeks ⏰ Class Time : 7:00 – 9:00 p.m. (two days per week) 📌ESC ဆိုတာဘာလဲ? English Speaking Circle (SNU – ESC) is an environment where candidates can improve their English and language skills through conversation and practice, cultivating many fluent speakers with better pronunciation, correct grammar, and advanced use of lexical resources. 📌သင်တန်းမှာ ဘာတွေသင်မှာလဲ? The organizers and coordinators lead the discussion on various topics including academics and everyday social events. 📌ဘယ်သူတွေ က သင်မှာလဲ? ပညာရေးတက္ကသိုလ် မှ ထူးချွန်စွာ အောင်မြင်ခဲ့ပြီး ပညာရေးလောကတွင် အရေးပါသော အခန်းကဏ္ဍ မှ English Language Teaching ကို ဦးဆောင်ဦးရွက် ပြု‌နေကြပြီး အောင်မြင်‌နေကြသော အရည်အချင်းရှိ တော်လှန် လူငယ် ဆရာ/မ များ ဖြစ်ပါတယ်။ 📌သင်တန်း ရဲ့ ရည်ရွယ်ချက် ကဘာလဲ? ဘာအကျိုးကျေးဇူးတွေ ရနိုင်မှာလဲ? 📚The programme is aimed – To improve participants’ English language skills, including speaking, listening, and vocabulary. To enhance fluency and confidence in conversational English To foster cultural understanding and exchange among participants from diverse backgrounds To develop effective communication skills in English, including pronunciation and intonation. To create opportunities for individuals to meet and connect with like-minded language enthusiasts. To provide a platform for learning and sharing knowledge on various topics. To offer a supportive and non-judgmental environment for learners to practice and make mistakes without fear. To make the language learning process enjoyable and engaging. 📌ဘယ်လို သင်ကြား/သင်ယူမှု တွေလုပ်ကြမှာလဲ။ သင်တန်းကာလ အတွင်း English Language ကို အသုံးပြုပြီး ဆရာ/မများ နှင့် ကျောင်းသား/သူများ ကြား အပြန်အလှန် “Speaking Environment” တစ်ခု ကိုဖန်တီးကြမှာ ဖြစ်ပါတယ်။ ဆရာ/မများ ၏ သက်ဝင်တက်ကြွသော Methods, Activities & Discussion တိုနှင့်တကွ အချင်းချင်း knowledge and experiences များ ကို ဖလှယ်ရင်း သင်ကြား/သင်ယူမှုများကို ပြုလုပ်သွားမှာဖြစ်ပါတယ်။ 📌သင်တန်းပြီးမြောက်ပါက ဘာတွေ ချီးမြှင့်မလဲ? 🏆 Qualified Certificate 🏆 Data Support 20000 mmk 🔽🔽🔽🔽🔽🔽🔽🔽🔽 Here the link is the Registration form and Placement Test (Google form). https://forms.gle/55Z8bBKJpV2y7Coc9

3 years ago no Comment

၂၀၂၃ ခုနှစ် ၊အောက်တိုဘာလ ၅ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် နွေဦးဆရာအတတ်ပညာတက္ကသိုလ် (Spring Normal University, SNU) ၏ သဝဏ်လွှာ ရက်စွဲ။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၄) ရက် ၂၀၂၃ ခုနှစ် ၊အောက်တိုဘာလ ၅ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားမှ တဆင့် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အပေါင်းအား ကျွန်ုပ်တို နွေဦးဆရာ အတတ်ပညာတက္ကသိုလ် (Spring Normal University, SNU) မြန်မာ မှ လေးမြတ်စွာဦးထိပ်ပန်ဆင် ဂုဏ်ပြုအပ်ပါသည်။ ထိုနည်းတူစွာ မြန်မာနိုင်ငံအတွင်း စစ်အာဏာရှင် အုပ်စိုးချိန်မှစ ယနေ့အချိန်ထိ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ရင်း ကြားကာလတွင် အကြမ်းမဖက် အာဏာ ဖီဆန်နေကြသော ကျောင်းသား၊ ကျောင်းသူ များ အား ပညာဆက်လက် ဖြန့်ဝေပေးနေသော ဆရာ၊ ဆရာမ အပေါင်းအား အထူးပင် ကျေးဇူးတင်ဂုဏ်ယူ၀မ်းမြောက်ပါကြောင်း ထပ်လောင်းပြောကြားလိုပါသည်။ စစ်အာဏာရှင်တို၏ အာဏာသိမ်းမှု သည် နှစ်နှစ်ကျော် သုံးနှစ်နီးပါး ကာလကြာရှည်လာသည် နှင့်အမျှ အာဏာဖီဆန်မှုနှင့် တိုက်ပွဲ ၀င်နေကြသော ဆရာ ဆရာမများအနေဖြင့် အခက်အခဲ ပေါင်းစုံ ကြုံတွေ့နေကြပြီ ဖြစ်လင့်ကစား ကြံ့ကြံ့ခံ ရင်ဆိုင်ရင်း လှေခွက်ချည်းကျန် အလံမလဲ စိတ်ဓာတ်ဖြင့် ယခုအချိန်အထိ ရှိရင်းစွဲ စိတ်ဓာတ်ခွန်အား တိုနှင့်အတူ မြေပြင်စစ်သည်တော်များကို တစ်တပ်တစ်အား အားပေးရင်း သင်ကြားသင်ယူမှု လုပ်ငန်းစဉ်များ ဆက်လက်တည်မြဲစေရန် ကြိုးပမ်း‌ဆောင်ရွက်နေလျက် ရှိပါသည်။ မြန်မာနိုင်ငံတွင် စစ်အာဏာရှင် အုပ်ချုပ်ချိန်မှစ၍ အဘက်ဘက်မှ ယိုယွင်းပျက်စီးနေသော အရာများတွင် လွတ်လပ်စွာ ပညာသင်ကြာသင်ယူခွင့်လည်း အပါအ၀င်ဖြစ်ပေသည်။ စစ်အာဏာရှင် သည် ပညာရေးကဏ္ဍမှ အကြမ်းမဖက် အာဏာဖီဆန်ရေးတွင် ပါ၀င်သော ဆရာ၊ဆရာမများကို နည်းလမ်းအမျိုးမျိုးဖြင့် ဖိနှိပ် နေဆဲ ဖြစ်ပါသော်လည်းဆရာ၊ဆရာမတိုသည် မိမိတို ယုံကြည်ရာအတိုင်း ဆက်လက်လျှောက်လှမ်းနေဆဲ ဖြစ်သည်။ အမှန်တရားဘက်တော်သားများ ဖြစ်သည့် ပညာသင်၊ပညာသည် အပေါင်းတိုနှင့်တကွ ပညာရေးကဏ္ဍရေရှည် ဆက်သွားနိုင်စေရန် ပူးပေါင်းကူညီကြလျက်ရှိသော ရဲဘော်ရဲဘက်အပေါင်းအား အထူးအလေးအမြတ်ထား အမှတ်တရရှိပါကြောင်းနှင့် ထိုသူအားလုံးတိုအတွက် ကျွန်ုပ်တို ကြိုးစား ဆောင်ရွက် နေပါကြောင်း လေးစားစွာ အသိပေးရင်း ဤသ၀ဏ်လွှာကို နိဂုံးချုပ်အပ်ပါသည်။ ယာယီတက္ကသိုလ်ကောင်စီနွေဦးဆရာအတတ်ပညာတက္ကသိုလ် ဖြန့်ဝေခြင်း ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ ရုံးလက်ခံ၊ ယာယီတက္ကသိုလ်ကောင်စီ၊ နွေဦးဆရာ အတတ်ပညာတက္ကသိုလ်

3 years ago no Comment

ပညာရေးတက္ကသိုလ် (၃)ခု ပူးပေါင်းဖွင့်လှစ်ထားသော Spring Normal University (SNU) တွင် ပညာရေးတက္ကသိုလ်များမှ CDM ကျောင်းသား/သူများကို ပြန်လည်သင်ကြားပေးနေသည်မှာ Batch 4 အထိရောက်ခဲ့ပါပြီ။ထိုအတန်းများတွင် zoom classများနှင့် LMS ကိုအသုံးပြု၍ သတ်မှတ်ထားသောလုပ်ငန်းများကို ပြီးမြောက်အောင်မြင်အောင်လုပ်ဆောင်ပါက NUG,MoE အသိအမှတ်ပြု Completion Certificate ကိုပေးအပ်သွားမှာဖြစ်ပါတယ်။အခုမှသိလိုက်သည့် ​ကျောင်းသား/သူများ, batch 3 ကို enroll လုပ်ခဲ့ပြီး အဆုံးထိ မရောက်ခဲ့တဲ့သူတွေလည်း ထပ်ဖြည့်ပေးရမှာပါ။ All in One batch 4 အတွက် အောက်မှာပေးထားတဲ့ ဖောင်မှာစာရင်းသွင်းလို့ရပါပြီ။https://forms.gle/CiCoewMGjV7NRfq6A

3 years ago no Comment

နွေဦးတက္ကသိုလ် x Spring Normal University တို့၏ တထပ်တည်းကျခဲ့သော ခြေလှမ်းများနွေဦးတက္ကသိုလ်နှင့် Spring Normal University တို့ဟာ ပြီးခဲ့တဲ့ ကာလများအတွင်း တထပ်တည်းကျခဲ့တဲ့ ခြေလှမ်းများနဲ့ တူညီသော ပန်းတိုင်အတွက် တခရီးတည်း အတူတကွ လျှောက်လှမ်းခဲ့ကြပါတယ်။ဒီခရီးစဉ်တွေမှာဆိုရင်တော့ ပညာရေးကဏ္ဍ၊သုတေသန၊ စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာ ကြံ့ကြံ့ခံနိုင်မှုရှိစေရေး နဲ့ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်တဲ့ Public Lectures Series တွေကို အပတ်စဉ် အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပါတယ်။တပတ်နဲ့ တပတ် မတူညီတဲ့ ခေါင်းစဉ်များဖြင့် Problem Based Learning၊ Self-directed learning နှင့် သက်ဆိုင်သည့် Seminars များ A Brighter Tomorrowခေါ် Public Lecture Series အတွင်းပါဝင်ခဲ့သည့် Mental Health ဆိုင်ရာ Seminar များ Child Psychology နှင့် သက်ဆိုင်သော Seminar အပါအဝင် စုစုပေါင်း seminar (၂၀) ကျော်ကို ၅လ တိုင်တိုင် ပြုလုပ် ဝေမျှခဲ့ပြီးဖြစ်ပါတယ်။ဒါ့ကြောင့် ဒီနေ့မှာတော့ အဆိုပါ ပညာရေးခရီးစဉ်တစ်လျှောက် ပါဝင်ခဲ့တဲ့ ကျောင်းသား၊လူငယ်၊ မိဘပြည်သူ တစ်ဦးချင်းစီကို ကျေးဇူးတင်ကြောင်းပြောကြားလိုပြီး နောင်လာမည့် ပိုမိုကောင်းမွန်သော ပညာရေးအစီအစဉ်သစ်တွေကိုလည်း စောင့်မျှော်ပေးကြဖို့ အသိပေးအပ်ပါတယ်။

3 years ago no Comment

ငယ်ရွယ်ဖွံ့ဖြိုးစ ကလေးငယ်များရဲ့ သဘာဝ၊ စရိုက်များကို ကောင်းမွန်စွာ ထိန်းကျောင်းတတ်စေဖို့ အလုပ်ရုံဆွေးနွေးပွဲတစ်ခု စတင်မိတ်ဆက်လိုက်ပါပြီ။ အားလုံးပဲ မင်္ဂလာပါ။ ကလေးငယ်တစ်ဦးရဲ့ ငယ်ရွယ်စဉ်ဖွံ့ဖြိုးဆဲကာလမှာ မတူညီတဲ့ သဘာဝ၊ ပင်ကိုယ်စရိုက်နဲ့ အမူအကျင့်များဟာ မတူကွဲပြားတတ်တာမို့ အနာဂတ်မှာ လူတော်၊လူကောင်းတစ်ယောက်ဖြစ်လာဖို့အတွက် ငယ်စဉ်ကတည်းက နည်းမှန်၊ လမ်းမှန်ထိန်းကျောင်းပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့ ကလေးငယ်များနှင့်နေ့စဉ်ထိတွေ့နေရတဲ့ မိဘများ၊ ဆရာ၊ဆရာမများသာမကညီအစ်ကို၊မောင်နှမများအနေဖြင့်လည်း ကလေးငယ်ရဲ့အစောပိုင်းကာလ စိတ်ပညာဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဗဟုသုတများအပြင် နည်းမှန်၊လမ်းမှန်ထိန်းကျောင်းတတ်စေဖို့ နွေဦးတက္ကသိုလ်နှင့် Spring Normal University တို့အတူ ပူးပေါင်းပြီး Insights into Child Psychology and Early Development ဆိုတဲ့ အလုပ်ရုံဆွေးနွေးပွဲလေးတစ်ခုကို ပူးပေါင်းစီစဉ်ထားရှိပါတယ်။ သြဂုတ်လ ( ၆ ) ရက်နေ့ စတင်သွားမှာဖြစ်ပြီး အောက်ဖော်ပြပါခေါင်းစဉ်များဖြင့် အပတ်စဉ်တနင်္ဂနွေ၊ ည (၇) နာရီမှ (၉) နာရီအထိ (၄) ပတ်တာ ဆွေးနွေးမျှဝေသွားမှာဖြစ်ပါတယ်။ Psychoanalytic Theory Temperament and Attachment Style Punishment vs Discipline Social emotional Development of Early Year အဆိုပါအလုပ်ရုံဆွေးနွေးပွဲလေးမှတဆင့် ကလေးငယ်တစ်ယောက် ကြီးထွားမှု နှင့် ကျန်းမာရေးအသိပညာများကို လေ့လာသိရှိရုံသာမက မိမိရဲ့ကလေးငယ်များရဲ့ အနာဂတ်ဘဝတိုးတက်ရေးအတွက် ကြိုတင်ပြင်ဆင်သင့်သည့်အချက်များကိုလည်း မျှဝေဆွေးနွေးသွားမှာမို့ အားလုံးအတွက် အကျိုးရှိလိမ့်မယ်ထင်ပါတယ်။ ပညာဒါနဆွေးနွေးပွဲတစ်ခုဖြစ်တာနှင့်အညီ ဗဟုသုတများစွာရရှိနိုင်မယ့် ဆွေးနွေးပွဲလေးတစ်ခုဖြစ်တာမို့ ဖော်ပြပါ Link လေးမှတဆင့် အခမဲ့ တက်ရောက်စာရင်းပေးသွင်းနိုင်ပါပြီခင်ဗျာ။ Link : https://ee.humanitarianresponse.info/single/ok30fhfl?returnUrl=https://t.me/+KAHXigxRfa42ZWQ1 ငယ်ရွယ်ဖွံ့ဖြိုးစအရွယ်ကလေးငယ်များရဲ့ သဘာဝ၊ စရိုက်များကို ကောင်းမွန်စွာ ထိန်းကျောင်းတတ်စေဖို့ မိတ်ဆွေ၊ သူငယ်ချင်းများကိုလည်း အတူတူ မျှဝေလိုက်ရ‌‌အောင် ။

3 years ago no Comment

မြန်မာပြည်၏ အာဇာနည် ငယ်စဥ်အခါ စာသင်ခန်းထဲမှာ အာဇာနည်​ကိုးဦးဖြစ်တဲ့ ဗိုလ်ချုပ်​အောင်ဆန်း၊ သခင်မြ၊ ဒီးဒုတ် ဦးဘချို၊မန်းဘခိုင်၊ ဦးဘ၀င်း၊ ဦးအုန်း​မောင်၊ မိုင်းပွန်​စော်ဘွားကြီး စပ်စံထွန်း၊ ဦးရာဇတ် ၊ ရဲ​ဘော် ကို​ထွေးတွေ အ​ကြောင်း ဆရာကြီး​တွေ ရှင်းပြတဲ့အခါ ပုံပြင်တစ်ပုဒ်လို ကျွန်မ လိုက်ပါစီး​မြောခံစားပြီး မျက်ရည်များ ကျခဲ့ရသူပါ။ အာဇာနည် သူရဲ​ကောင်း​တွေရဲ့ လက်ရုံးရည်၊ နှလုံးရည်၊ အများအကျိုး သက်စွန့် ​ဆောင်ရွက်​ပေးခဲ့မှုတွေ​​ကြောင့် ဆယ်စုနှစ် ၇ ခု ၊ နှစ်​ပေါင်း ၇၀ ​ကျော် ​လောက်ထိ ကျွန်မတို့​တွေဟာ ​ကောင်းမွန်တဲ့ ဘ၀ ပုံရိပ်​တွေကို အ​ကောင်အထည်​ဖော်နိုင်ခွင့် ရခဲ့ပါတယ်။ ၂၀၂၁၊ ​ဖေ​ဖော်ဝါရီ ​နှောင်းပိုင်းမှာ အာဇာနည်ဆိုတဲ့ စကား ကြားရဖန်များလာ​တော့ ကျွန်နှလုံးသားထဲ ကူးစက်သွားမှု​တွေဟာ ကြက်သီများ တဖျန်းဖျန်း ထ သည်အထိ ဖြစ်ခဲ့ရပါတယ်။ ပုံပြင်တစ်ပုဒ်ဟာ ကျွန်မ ပတ်၀န်းကျင်မှာ အသက်၀င်လာသလိုပါဘဲ။ အသက်​ပေးခဲ့တာထက် များစွာပိုနက်နဲတဲ့ အာဇာနည်​တွေအ​ကြောင်းကို စာ​တွေ့ထက်လက်​တွေ့ကို ခါးသီးစွာ မြင်​တွေ့ ခဲ့ရပါတယ်။အာဇာနည် ​ခေါင်း​ဆောင်တစ်​ယောက်ရဲ့ ​နောက်ကွယ်မှာ ဖြစ်ရပ်မှန်များစွာ၊ အသက်ထက်ပိုတဲ့ ဆုံးရူံးမှုများစွာရှိ​နေတာ ကို နားလည်ခဲ့ပါတယ်။  ဖက်ဒရယ်အတွက် အာဇာနည် လွတ်လပ်ရေးရရှိရန် တိုက်ပွဲဝင်ခဲ့သူမှာ 1947 July 19 တွင် လုပ်ကြံခံခဲ့ရသော ကိုးဦးတည်း မဟုတ်ပါ။ ဆုံးရှုံးမှု ကြီးမားလှသော ထိုနေ့၌ပင် တော်လှန်ရေးကာလတလျှောက်လုံး တရားမျှတမှုအတွက် မြင့်မြတ်စွာ အသက်ပေးသွားကြရသော အာဇာနည်အပေါင်းအားလည်း အောက်မေ့သတိရမှုဖြင့် အလေးပြုကြခြင်း ဖြစ်ပါသည်။ အာဇာနည်ဟူသည်ကို “အကြောင်း ဟုတ် မဟုတ်ကို ကောင်းစွာ သိသော သူ။ သာမန်ထက် လက်ရုံးရည် နှလုံးရည် ထူး ကဲသာလွန်၍ အများအကျိုးအတွက် သက်စွန့် ကြိုးပမ်း ဆောင်ရွက်သူ။” ဟူ၍ မြန်မာ အဘိဓာန်က ဖွင့်ဆိုထားပါသည်။ဤအဓိပ္ပါယ်ဖွင့်ဆိုချက်အရဆိုပါလျှင် အဓမ္မမှုကို နှုတ်ဆိတ်လက်မခံဘဲ တော်လှန်ခြင်းဖြင့် တရားမျှတမှု ပြန်လည်ရှာဖွေရာ၌ ပါဝင်သူမှန်သမျှသည် အာဇာနည်ဖြစ်ပေသည်။ လက်နက်ကိုင်စွဲ၍ တိုက်ပွဲဝင်နေသူမှသာ သူရဲကောင်းမဟုတ်ပါ။ တိုက်ပွဲဝင်နိုင်ရန် နောက်ကွယ်မှ ကူညီလုပ်ကိုင်ပေးသော ထမင်းချက်သည်လည်း သူရဲကောင်းဖြစ်ပါသည်။ လူ​တော်လူ​ကောင်း​တွေရဲ့ ထူးချွန်ထက်မြတ်မှုများစွာကို ​နေ့စဥ်ရိုက်ချိုးနေကြတဲ့ မြန်မာနိုင်ငံက အာဏာမက်တဲ့ လူတစ်၀က်ရဲ့ ခရီးလမ်းဟာ ဆုံးခန်းတိုင်ဖို့လိုနေပါပြီ။ကျွန်မတို့အားလုံး တတ်စွမ်းသ​လောက် ပါ၀င်ကူညီ​ပေးဖို့ လို​နေပါပြီ။ အမှန်တရားအတွက် ဖြစ်​ပေါ်လာခဲ့တဲ့ အာဇာနည်များစွာကို မီးပင်လယ်ထဲမှာ ရှင်သန်​နေကြရတဲ့ ကျွန်မတို့အားလုံးဟာ သမိုင်း၀င်ခဲ့တဲ့ အာဇာနည်ကိုးဦး သာမက မြန်မာနိုင်ငံက အာဇာနည်များစွာကို ဇူလိုင် ၁၉ မှာတင် မဟုတ်ဘဲ ထာ၀ရ နှလုံးသားထဲမှာ မျက်ရည်မိုး​တွေနဲ့အတူ ဂါရ၀ ပြု ဦးညွတ်လျှက်ပါ။ ယခင် နယ်ချဲ့တော်လှန်ရေးမှစ ယခု နွေဦး တော်လှန်ရေးအထိ စွမ်းရာနေရာ၌ အသီးသီးပါဝင်ခဲ့ကြသော အာဇာနည်များကို ဆရာ မြသန်းတင့်၏ စကားလုံးဖြင့် ဂုဏ်ပြုလိုက်ချင်ပါသည်။ “သူရဲကောင်းဝတ်ရုံကို ကောက်ခြုံလာခဲ့ကြသော အညတရများ” ဟူ၍တည်း။

3 years ago no Comment

“၇.၇.၆၂ မမေ့ကြနဲ့”  အထက်ပါ စာသားမှာ မြောင်းမြ ကျောင်းသားကိုကျော်ဝင်းက သူ့ကိုယ်က သွေးနဲ့ မန္တလေးဆောင်နံရံမှာ ၇ရက်၊ ၇ လ၊ ၁၉၆၂ ခုနစ်မှာ ရေးသွားခဲ့တာဖြစ်ပါတယ်။ ထိုနေ့ရက်ဟာ ပထမအကြိမ် စစ်အာဏာသိမ်းမှုအပြီး တက္ကသိုလ်ကျောင်းသားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ မျက်နှာဖုံးခွာ စစ်ဘီလူးတွေကို ပထမဆုံးအကြိမ် ကြုံခဲ့ရတဲ့ နေ့ရက်လည်းဖြစ်ပါတယ်။ ၁၉၆၂ မတ်လ ၂ ရက်နေ့မှာ ဗိုလ်နေဝင်းခေါင်းဆောင်တဲ့ စစ်အုပ်စုဟာ တော်လှန်ရေးကောင်စီ အမည်ခံလို့ တိုင်းပြည်ကို အာဏာထိန်းလိုက်ကြောင်း ကြေညာပါတယ်။ အဆိုပါ အာဏာသိမ်းမှုကိုကန့်ကွက်ကြောင်း တကသ၊ ရကသ၊ ဗကသတို့က ၁၉၆၂ ခုနှစ် မတ်လ ၄ ရက်နေ့မှာပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့တယ်။ စစ်အုပ်စုရဲ့ ဖိနှိပ်မှု စတင်ချိန်က မတ်လ ၉ ရက်နေ့ပါ။ အဲ့နေ့မှာ ရန်ကုန်တက္ကသိုလ်နဲ့ မန္တလေးတက္ကသိုလ်အက်ဥပဒေကို တော်လှန်ရေးကောင်စီက ဖျက်သိမ်းလိုက်ပါတယ်။ ဆရာများအကျင့်ပျက်မှု၊ ကျောင်းသားများ နိုင်ငံရေး ပယောဂရှိမှုလို့ စွပ်စွဲပြီး တက္ကသိုလ်အမှုဆောင်ကောင်စီကို ဖျက်သိမ်းခဲ့တယ်။ တက္ကသိုလ်ကောင်စီကိုလည်း အလိုတော်ရိ‌ေတွနဲ့ ပြန်လည်ဖွဲ့စည်းခဲ့ပြီး မတရားကျောင်းဆောင်စည်းကမ်း ၂၂ ချက်ကိုထုတ်ပြန်ကာ ကျောင်းသားထုကို ဖိနှိပ်ပါတော့တယ်။ ဒါကြောင့် ကျောင်းသားထုကြားမှာ တော်လှန်ရေးကောင်စီအပေါ် မကျေနပ်မှုတွေ တိုးပွားလာခဲ့ပါတယ်။ မတရားစည်းကမ်းတွေကို လက်မခံနိုင်တော့တဲ့ ကျောင်းသားတွေဟာ ဂျူလိုင်လဆန်းမှ စတင်ပြီး ကျောင်းသားထုအစည်းအဝေးတွေကျင်းပကာ ဖိနှိပ်ချုပ်ချယ်တဲ့ မတရားကျောင်းဆောင်စည်းကမ်းတွေကို ကန့်ကွက်ကြောင်း တညီတညွတ်တည်းဆုံးဖြတ်ခဲ့ကြပါတယ်။ ဇူလိုင်လ ၃ ရက်နေ့မှာတော့ ရန်ကုန်ခရိုင်ကျောင်းသားသမဂ္ဂက ကြီးမှူးပြီး သမဂ္ဂခန်းမမှာ ကျောင်းသားထုအစည်းအဝေးကျင်းပလို့ ကမောက်ကမ ပညာရေးစနစ်နဲ့ မတရားအဆောင်စည်းကမ်းများ ရုပ်သိမ်းပေးရေး ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။ ဇူလိုင်လ ၆ ရက်နေ့ ရွှေဘိုဆောင်အစည်းအဝေးမှာတော့ ကန့်ကွက်တယ်လို့ဆုံးဖြတ်ရုံတင်မဟုတ်တော့ဘဲ ကြွေးကြော်သံတွေ အော်ဟစ်ပြီး အဆောင်အပြင်ထွက်လို့ လှည့်လည်ဆန္ဒပြကြပါတော့တယ်။ အဲ့ဒီအခါ အနီးအနားကျောင်းဆောင်တွေက ကျောင်းသားတွေပါ ပူးပေါင်းပါဝင်လာတာကြောင့် ဆန္ဒပြကျောင်းသားထုကြီးဟာ တဖြည်းဖြည်းကြီးမားလာခဲ့ပါတယ်။ အဲ့ဒီညမှာ ဆန္ဒပြကျောင်းသားထုဟာ ပြည်၊ ပုဂံ၊ တကောင်း ကျောင်းဆောင်တွေအထိပါ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။ ဇူလိုင်လ ၇ ရက်နေ့ နေ့လယ် ၁ နာရီမှာတော့ သမဂ္ဂအဆောက်အဦး အစည်းအဝေးခန်းမမှာ ကျောင်းသားထုအစည်းအဝေး ကျင်းပခဲ့ပါတယ်။ အဲ့ဒီအစည်းအဝေးမှာ ဖိနှိပ်ချုပ်ချယ်တဲ့ကျောင်းဆောင်စည်းကမ်းတွေကိုကန့်ကွက်ကြောင်းနဲ့ တက္ကသိုလ်အက်ဥပဒေတွေကို ကန့်ကွက်ကြောင်းတခဲနက် ဆုံးဖြတ်ခဲ့ကြပါတယ်။ အစည်းအဝေးအပြီးမှာတော့ ကျောင်းသားထုဟာ သမဂ္ဂအဆောက်အဦးရှေ့က စတင်ကာ ကျောင်းဝန်းထဲ လှည့်လည်ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။ ကျောင်းသားတွေဟာ ဆန္ဒပြပွဲအပြီး ဘွဲ့နှင်းသဘင်ရှေ့မှာ ငြိမ်းချမ်းစွာ လူစုခွဲလိုက်ပါတယ်။ နေ့လယ် ၂ နာရီမှာ ရဲကား ၂ စီး တကသထဲဝင်လာပြီးတကသ၊ ဗကသ၊ ရကသ ခေါင်းဆောင်တွေကို ဝင်ရောက်ဖမ်းဆီးလိုက်ပါတယ်။ ကျောင်းသားခေါင်းဆောင်တွေကို ရုတ်တရက် ဖမ်းဆီးလိုက်တာကြောင့် ကျောင်းသားထုဟာ လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး ကျောင်းသားတွေဟာ ရန်ကုန်တက္ကသိုလ်ဝင်းတံခါးကို သော့ခတ်ပြီး ပိတ်လိုက်ပါတယ်။ ကျောင်းသားတွေက တကသကို ပြန်လုဖို့ ကြိုးစားချိန်မှာ ဒိုင်းကိုယ်စီကိုင်ထားတဲ့ ရဲတွေက ဝိုင်းဝန်းပိတ်ဆို့ပြီး နံပါတ်တုတ်နဲ့ရိုက်သူကရိုက်ကာ မျက်ရည်ယိုဗုံးတွေနဲ့ စတင်ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။ ကျောင်းသားတွေသွေးသံတရဲရဲဖြစ်လာပြီး ရဲများကလည်း မျက်ရည်ယိုဗုံးတွေနဲ့အဆက်မပြတ်ဖြိုခွင်းခဲ့ပါတယ်။ ဒါပေမယ့်ကျောင်းသားထုဟာ တစတစများပြားလာခဲ့တာကြောင့် ရဲများတက္ကသိုလ်ဝင်းထဲကပြန်လည်ထွက်ခွာသွားရပါတယ်။ ညနေ ၄ နာရီခန့် အချိန်၊ ကျောင်းသားများ အောင်ပွဲခံနေတုန်းမှာပဲ အသင့်စောင့်နေတဲ့ တပ်ရင်း ၄ က စစ်သားအပြည့်တင်လာတဲ့ စစ်ကား ၂ စီး တက္ကသိုလ်ရိပ်သာလမ်းပေါ် ရောက်လာပြီး ဆေးရုံရှေ့မှ ဓမ္မာရုံထိတိုင်အောင် တပ်ဖြန့်ကာ တက္ကသိုလ်ဝန်းကျင် တခုလုံးကို ပိတ်ဆို့ထားလိုက်ပါတော့တယ်။ အဲ့ဒီစစ်သားတွေဟာ စစ်မြေပြင်မှာ တခါမှအသုံးမပြုရသေးတဲ့ ဂျီသရီးမောင်းပြန်ရိုင်ဖယ်တွေနဲ့ ကျောင်းသားထုကို တရစပ်ပစ်ခတ်ခဲ့ပါတယ်။ မထင်မှတ်ထားလို့ မင်သက်မိသွားတဲ့ ကျောင်းသားတွေ အကျအဆုံး များကုန်တယ်။ သတိဝင်လာပြီး ထွက်ပြေးကြရင်းမှာပင် လမ်းပေါ်တင် ကျဆုံးကုန်ပါတယ်။ နီးစပ်ရာ အဆောင်တွေပေါ်ကို တက်ပြေးကြရင်းက လှေကားရင်းတွေမှာ အလောင်းချင်း ထပ်ကုန်ကြတယ်။ အဲ့ဒီလို ရုတ်တရက် ပစ်ခတ်မှုကြောင့် ကျောင်းသားပေါင်း ရာနဲ့ချီ ကျဆုံးခဲ့ပြီး ရာနဲ့ချီဒဏ်ရာရခဲ့ပါတယ်။ အထိကရုဏ်းဖြစ်နေချိန်မှာ “ကွန်မြူနစ်များဟာကျောင်းသားတွေကို လက်နနက်များ ထောက်ပံ့ထားကြောင်း၊ ကွန်မြူနစ်တွေရဲ့ ဌာနချုပ်ဟာ ကျောင်းသားသမဂ္ဂ အဆောက်ဦး ြဖစ်ကြောင်း” သတင်းလွှင့်ပါတယ်။ ဂျူလိုင်လ ၈ ရက်နေ့ မနက် ၃ နာရီအချိန်မှာ တကသအဆောက်အဦးကို ဗိုလ်နေဝင်းအစိုးရက ဗုံးခွဲဖျက်ဆီးလိုက်ပါတော့တယ်။အဲ့ဒီည ၇ နာရီအချိန်မှာ ဗိုလ်နေဝင်းက “ဓားကိုဓားချင်း လှံကိုလှံချင်းဆိုင်ရန်သာရှိတော့ကြောင်း” မြန်မာအသံရေဒီယိုကနေ အသံလွှင့်ပြီး စိန်ခေါ်ခဲ့ပါတယ်။ ဆဲဗင်းဂျူလိုင်ကျောင်းသားအရေးတော်ပုံမှာ မြောင်းမြမှ ကျောင်းသားကိုကျော်ဝင်းက သူ့ကိုယ်က သွေးနဲ့ မန္တလေးဆောင်နံရံမှာ “၇.၇.၆၂ မမေ့ကြနဲ့” လို့ ရေးသွားခဲ့ပါတယ်။ ကျောင်းသားအားလုံး ၁၇ ဦးသာ ကျဆုံးတယ်လို့ ကြေညာခဲ့ပေမယ့် မန္တလေးဆောင် တစ်ခုတည်းတင် ၁၇ ဦးရှိပါတယ်။ ရန်ကုန်အထွေထွေဆေးရုံကြီးရဲ့ စာရင်းအရတော့ ၁၇ဦး သေဆုံးပြီး ၆၉ ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မင်္ဂလာဒုံ စစ်ဆေးရုံကို ပို့ခဲ့တာ ၆၈ ဦးရှိတယ်လို့လည်း သိရပါတယ်။ သေဆုံးသူ၊ ထိခိုက်သူအရေအတွက် တိတိကျကျတော့ အခုချိန်ထိ မသိခဲ့ရပါဘူး။ သေချာတာကတော့ ရာ‌ချီတဲ့ ကျောင်းသားတွေဟာ အသက်ပေးသွားကြရတာပါပဲ။ ဒီအဖြစ်အပျက်ဟာ ကမ္ဘာ့အဆိုးဝါးဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုစာရင်းမှာ မြန်မာနိုင်ငံကို နံပါတ် ၂ နေရာ ရောက်စေခဲ့ပါတယ်။ စစ်အုပ်စုဟာ သူ့အာဏာကို ထိပါးလာမယ်ဆိုရင် ဘယ်သူ့မျက်နှာမှ မကြည့်ဘဲ ရက်စက်ပြီး ရန်ငါကွဲပြားပါတယ်။ ကျွန်တော်တို့ကလည်း ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ ခေတ်အဆက်ဆက် ဒီမိုကရေစီရေးအတွက် အသက်ပေးသွားတဲ့ ကျောင်းသားပြည်သူ၊ရဟန်းရှင်လူအပေါင်းတို့ရဲ့ သံမဏိစိတ်ဓာတ်ကို ကိုင်စွဲပြီး ဆက်လက်တော်လှန်မှာဖြစ်ကြောင်း ၆၁ နှစ်ပြည့် ဆဲဗင်းဂျူလိုင်အရေးအခင်းမှ ကတိကဝတ်ပြုလိုက်ပါတယ်။ “၇.၇.၆၂ မမေ့ကြနဲ့”

3 years ago no Comment

နွေဦးတော်လှန်ရေးတွင် ပညာသင်ယူခွင့် ဆုံးရှုံးနေသော စီဒီအမ်ကျောင်းသားများနှင့် တော်လှန်ရေးသမားများအတွက် ရှေ့ဆက်ပညာသင်ယူနိုင်ရေး အစီအစဉ်များဖော်ထုတ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ကို အောက်ပါရည်ရွယ်ချက်များဖြင့်(၂၈-၅-၂၀၂၃) မှ (၂-၆-၂၀၂၃)ထိ ဆွေးနွေးအဖြေရှာခဲ့ပါသည်။

snu2023 does not have any friends yet.